မင်းတုန်း နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် တံတားကျေးရွာရှိ တောင်သူ ဦးစိန်နိုင်၏ လယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် မိုးစပါး(မနောသုခ)Fs to Rs မျိုးစေ့ထုတ် စိုက်ခင်း (၂) ဧကကို ယမန်နေ့ နံနက် ၁၀ နာရီက စံကွက်ရိမ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုထွက် (၁၀၅)တင်း ထွက်ရှိပြီး စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မိုးစပါး (မနောသုခ) Fs to Rs မျိုးစေ့ထုတ်စိုက်ခင်းသည် မျိုးကောင်းမျိုးသန့် ရရှိစေရန်အတွက် စတင်ထွန်ယက်ချိန်မှစ၍ ရိတ်သိမ်းချိန်အထိ စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သော စိုက်ပျိုးနည်းပညာများ ပံ့ပိုးခဲ့ပြီး ထွက်ရှိလာသော မျိုးကောင်းမျိုးသန့် မျိုးစပါးများကို တောင်သူများအား ပြန်လည်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)