ပိုင်ကျုံ နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည် မြှင့်တင်စေရေးနှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အ-မ-က နို့ထို့ခေးကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပလတ်စတစ်၏ ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ နည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များ စည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားရန် လိုအပ်သည့် အကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထိုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန်အတွက် ပလတ်စတစ် သုံးစွဲမှု လျှော့ချရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းလုပ်ငန်းကိုလည်း ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)