သံတောင်ကြီးဒေသတွင် ကော်ဖီသီးများ ရင့်မှည့်ပြီးဖြစ်၍ စတင်ဆွတ်ခူး

သံတောင်ကြီး နိုဝင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံ ပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီသီးများ ရင့်မှည်ပြီဖြစ်၍ စတင်ဆွတ် ခူးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေတွင် ကော်ဖီသီးနှံများအား သဘာဝမြေဩဇာများကိုသာ အသုံးပြုခြင်းဖြစ်ပြီး သံတောင်ကြီးဒေသ စိုက်ပျိုးသော ကော်ဖီအမျိုးအစားမှာ အာရေဗီကာကော်ဖီ (ကုန်းမြင့်ကော် ဖီ)နှင့် ရိုဘက်စတာကော်ဖီ (အပင်မြင့်ကော်ဖီ)ပင်များကို အများအားဖြင့် စိုက်ပျိုးကြသည်။

ယခင်က သံတောင်ကြီးမြို့နယ်တွင် နည်းပညာအားနည်းခြင်းကြောင့် ကော်ဖီများ အရည်အသွေး ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်ပျိုးနည်းပညာများကို လက်တွေ့ကွင်းဆင်းသရုပ်ပြပေးသည့်အတွက် ကော်ဖီစိုက်တောင် သူများအနေဖြင့် အရည်အသွေး ကောင်းမွန်သော ကော်ဖီများကို စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်လျက် ရှိပြီး ယခုနှစ်တွင် ကော်ဖီစေ့ တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)မှ ကျပ်(၁၁၀၀၀)အထိ ရရှိကြောင်း သိရသည်။

နော်နော်မူ(ပြန်/ဆက်)