ပေါင်းတည်မြို့နယ်တွင် စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်း စုပေါင်းဆောင်ရွက်

ပေါင်းတည် အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရွာပုလဲအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက  တောင်သူ ဦးစိုးသန်း၏ ကွင်းအမှတ် (၁၁၃၀A) ဦးပိုင်အမှတ်(၅၆)၌ ရတနာတိုးမျိုးစပါးအား စံကွက် ရိတ်သိမ်းခြင်းလုပ်ငန်းကို စုပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စံကွက်ရိတ် သိမ်းရာတွင် ပေါင်းတည်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီး အရာရှိ ဦးရဲဝင်းနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ဒေသခံတောင်သူများက ရွာပုလဲအုပ်စု  တောင်သူ ဦးစိုးသန်း၏ ကွင်းအမှတ်(၁၁၃၀A)ဦး ပိုင်အမှတ်(၅၆)၌ ရတနာတိုးမျိုးစပါးအား စံကွက်ရိတ်သိမ်း ခြင်းလုပ်ငန်းကို စုပေါင်းရိတ်သိမ်း ဆောင်ရွက်ကြရာ (၁)ဧကအထွက်နှုန်း (၈၈.၂၀)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး) ပေါင်းတည်