ညောင်လေးပင်မြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာ၊ ဗဟုသုတပိုမိုတိုးပွားလာစေရန်နှင့် လူအများကြားပြောရဲဆိုရဲရှိလာစေရန် လူငယ်စကားဝိုင်းကျင်းပ

ညောင်လေးပင် နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ကြယ်စင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော   ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က   ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ရီမှ အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ လူငယ်စကားဝိုင်းများ ပြုလုပ်ခြင်းကြောင့် လူငယ်၊လူရွယ်များအသိပညာ၊ဗဟုသုတများပိုမိုတိုးပွားလာစေရန်နှင့် လူအများကြားပြောရဲဆိုရဲရှိလာစေရန် ရည်ရွယ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ကြယ်စင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်း Grade-11 ကျောင်းသား မောင်ဟိန်းစည်သူမှ ခေတ်သစ်ကမ္ဘာအတွက် ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဝေယံထွန်းက ဗီးနပ်စ်နှင့်သူ၏အတွေးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ဝိုင်းခန့်မောင်မောင်မှ လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကြယ်စင်သစ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟိန်းသူနိုင် (ပြန်/ဆက်)