ညောင်တုန်း နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနန္ဒာစိုးနှင့် လမ်းတံတားအရည်အသွေးထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျုံပလောင်-ငါးသန့်ချောင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ စက္ကော့-အင်းမ ကျေးရွားချင်းဆက် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ညောင်တုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးစိုးမြင့်ဌေးနှင့် တင်ဒါအောင် ကုမ္ပဏီများဖြစ်သည့် ကေခိုင်ဦးကုမ္ပဏီ၊ လဒ်ပိုးသဲ ကုမ္ပဏီတို့၏ တာဝန်ခံ အင်ဂျင်နီယာ တို့က လမ်းခင်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထက်ဝေဖြိုး(ပြန်/ဆက်)