စစ်ကိုင်းခရိုင် ပြန်/ ဆက်ရုံး Community Centre ခန်းမ တွင် အခမဲ့အခြေခံကွန်ပျူတာသင်တန်း (၂/ ၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်း   နိုဝင်ဘာ  ၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အခမဲ့အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၃) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၉) ရက်နံနက် (၁၀)နာရီက အဆိုပါရုံးရှိ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးကအခမဲ့အခြေခံ ကွန်ပျူတာ သင်တန်းကို တစ်လကြာ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း ကွန်ပျူတာအခြေခံ ပညာရပ်တွေ ရရှိလိမ့်မည်ဟုယုံကြည်ပါကြောင်း ရရှိခဲ့သည့်ပညာရပ်တွေကို မိမိအတွက်၊ မိမိဌာနအတွက်၊ မိမိတို့ရဲ့နိုင်ငံတော်ကြီးအတွက် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်သွားကြပါလို့မှာကြားလိုကြောင်း၊ ဆက်လက်ပြီးတော့လည်း အခမဲ့အခြေခံကွန်ပျူတာ သင်တန်းများဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး သင်တန်းနည်းပြဆရာများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်