ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန ဆင်းသုခ စပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ကညင်ချောင်း ကျေးရွာအုပ်စု ကွင်းအမှတ်(၁၉၀၇) ကတက်ကုန်းကွင်း၊ ဦးပိုင်အမှတ်(၁၈)၊ တောင်သူ ဦးအောင်မြင့်လယ်နှင့် ဦးပိုင်အမှတ်(၂၂/၂)တောင်သူ ဦးကျော်သောင်းလယ်တို့၌ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဟိုင်းကြီးကျွန်းမြို့၊ ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်း ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်းဦးဆောင်၍ မြို့စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ကညင်ချောင်းကျေးရွာ အုပ်စု ကွင်းအမှတ်(၁၉၀၇) ကတက်ကုန်းကွင်း၊ ဦးပိုင်အမှတ်(၁၈)၊တောင်သူ ဦးအောင်မြင့်လယ် နှင့် ဦးပိုင်အမှတ်(၂၂/၂)တောင်သူ ဦးကျော်သောင်းလယ်တို့၌ မိုးစပါး(ဆင်းသုခ) စံကွက်ရိတ် သိမ်းခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ရာ (၁)ဧကပျမ်းမျှအထွက်နှုန်း (အစို)တင်း(၇၀) တင်းထွက်ရှိ၍ ယခင်နှစ်အထွက်နှုန်း(အစို) တင်း(၆၀)နှင့်နှိုင်းယှဥ်ပါက (၁၀)တင်းတိုး ထွက်ရှိကြောင်းသိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)