ငွေဆောင် နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁)အခြေခံ ပညာမူလ တန်းကျောင်းတွင်မြို့စည်ပင်သာယာရေး အဖွဲ့နှင့်ပညာရေးဌာနပူးပေါင်း၍ မြို့သန့်ရှင်း သာယာလှပရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အတွက်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီကပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိလက်ထောက် ညွှန်ကြားရေးမှူး ဦးသက်မင်းဦးမှပလတ်စတစ် အမှိုက်များနှင့် ပက်သက်၍အသိ ပညာပေးပြောကြားခဲ့သည်။ ထို့နောက်မြို့စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိ ဦးအောင်ကျော်စိုးမှ စည်ပင်မှသိမ်းဆည်းပေးရသည့် ၁။မီးဖိုချောင်ထွက်အမှိုက် ၂။စက်ရုံ၊ အလုပ်ရုံထွက်အမှိုက် ၃။အဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းထွက်အမှိုက် ၄။လမ်းသွား၊ လမ်းလာစွန့်ပစ်အမှိုက် ၅။နေအိမ်ခြံဝန်းထွက်အမှိုက် ၆။နေ့စဥ်စျေးထွက်အမှိုက် ၇။စီးပွားထွက် အမှိုက် ၈။ဆေးရုံ၊ ဆေးပေးခန်းထွက်အမှိုက် စသည့်အမှိုက်အမျိုးအစား (၈)မျိုးအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှိုက်စို၊ အမှိုက်ခြောက်ခွဲခြား စွန်ပစ်နိုင်စေရေး၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၏ ဆိုးကျိုးများ အကြောင်း အသိပညာပေးဟောပြောခဲ့သည်။
တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများမှ ဆွေးနွေးပြောကြားမှုများနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းခဲ့ရာ မြို့စည်ပင်သာယာရေး ဦးစီးအရာရှိ ဦးအောင်ကျော်စိုးမှပြန်လည်ဖြေကြားပေးခဲ့သည်။ ဆွေးနွေးမေးမြန်းမှု များ အပြီးတွင်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးအခမ်း အနားအစီအစဥ် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)