ရွှေကျင်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ရွှေကျင် နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် (Woman Club)၊ (Book Club)အဖွဲ့များပူးပေါင်း၍  စာရေးဆရာဒေါက်တာမားကပ်စ် ရေးသားသည့် "ဆယ်တန်းမှ မအောင်ရင် ဘယ်နှတန်းမှ မအောင်သလိုဘဲ" စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဲစု‌အောင်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာပြီး စာပေများကိုလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုများတိုးပွား၍ စာပေချစ်သူများတစ်ဦးနှင့်တစ်းဦးပြန်လည်မျှဝေခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Book Club)အဖွဲ့ဝင် ဦးခင်‌မောင်၊ (Woman Club)အဖွဲ့ဝင်ဒေါ်ထွေးကြည်၊ မသဇင်၊ မခင်သူဇာတို့က "ဆယ်တန်းမှ မအောင်ရင် ဘယ်နှတန်းမှ မအောင်သလိုဘဲ" စာအုပ်ပါအကြောင်းအရာများကို မိမိတို့၏ ခေါင်းစဉ်အလိုက်ဖတ်ကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များကလည်း ခေါင်းစဉ် တစ်ခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)