ကန်ကြီးထောင့်မြို့နယ်၌ ဆင်းသုခစပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ကန်ကြီးထောင့်     နိုဝင်ဘာ    ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆင်းသုခစပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို ဦးဆောင်း၍ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အာင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့်ဒေသခံတောင် သူများတက်ရောက်ခဲ့ကြသည်။

ထိုသို့ ဆင်းသုခစပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကို ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယား ကြီးကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ဘီလီယံဖြင့် ဆောင်ရွက်သည့်တောင်သူ ဒေါ်သီတာအေး၏ ကွင်းအမှတ် ၁၈၆ C၊ ဦးပိုင်အမှတ် ၄/စ၁၀ဧက၊တွင် ကျင်းပခဲ့ရာ ယခင်နှစ်တွင် ၁ ဧကလျှင် အခြောက် - ၁၀၆.၉၅တင်း၊အစို - ၁၁၅တင်းရရှိပြီး ယခုနှစ်မှာ ၁ ဧကလျှင်အခြောက် - ၁၂၀.၉၀တင်း၊ အစို - ၁၃၀.၄၁တင်းရရှိကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)