ပဲခူး နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနကကြီးမှူး၍ ခရိုင်အတွင်းရှိ မြို့နယ်များမှဝန်ထမ်းများ၊ အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးရှိသော သတင်းဗီဒီယိုများ ပိုမိုရိုက်ကူးပေးပို့နိုင်ရန်ရည်ရွယ်ကာ သတင်းဗီဒီယိုရိုက်ကူးခြင်းနှင့် တည်းဖြတ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးဦးစိုးပိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ချစ်ချစ်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဝေါမြို့နယ်ရုံးမှ ဦးစီးအရာရှိ(တာဝန်ပေး)ဦးစိုးမိုးအောင်က သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ ဓာတ်ပုံကျွမ်းကျင်ဝန်ထမ်းများ၊ ရိုက်ကူးရေးတာဝန်ဆောင်ရွက်နေသည့် ဝန်ထမ်း(၁၆)ဦးတို့အား Power Director Software အသုံးပြု၍ ဗီဒီယိုတည်းဖြတ်ခြင်း၊ Green Screen နှင့် Chroma Key အသုံးပြုနည်းတို့ကို နိုဝင်ဘာ(၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)