တပ်မတော် နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) မြန်အောင်မြို့နယ် အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရန်ရောက်ရှိ

မြန်အောင်  နိုဝင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သို့ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွားဆေးရုံရေယာဥ် (ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းမှတဆင့် ယမန်နေ့ ညနေက မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက်၊ ဧရာဝတီကမ်းနားဆိပ်သို့ အခမဲ့ကျန်း မာရေးစောင့်ရှောက်မှု ဆောင်ရွက်ရန် ရောက်ရှိခဲ့သည်။

တပ်မတော် နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ်(ရွှေပုဇွန်) အဖွဲ့အား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊  အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေး ရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ဦး ခန့်မှ ကြိုဆိုခဲ့သည်။

အဆိုပါ နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွား တပ်မတော်ဆေးရုံရေယာဥ် (ရွှေပုဇွန်)ဆေးကု သရေးအဖွဲ့သည်မြန်အောင်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးကုသမှု၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ မေ့ဆေး၊ အရိုးရောဂါခွဲစိတ်၊ နား/နှာခေါင်း/လည် ချောင်းခွဲစိတ်၊ မျက်စိရောဂါခွဲစိတ်၊ သွားရောဂါ၊ အထွေထွေရောဂါကုသမှု ပါရဂူများမှ မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ကျေး ရွာများမှ ဒေသခံပြည်သူများအား ၈.၁၁.၂၀၂၃ ရက်နေ့မှ ၁၀.၁၁.၂၀၂၃ ရက်နေ့အထိ (၃) ရက်ကြာ လိုအပ်သောကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)