၂ဝ၂၃ ခုနှစ်၊ မုံရွာခရိုင်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ(ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနား  ကျင်းပ

မုံရွာ  နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂ဝ၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာ  ၈ ရက်နေ့ နေ့လယ် ၃နာရီက စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အား ကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌  ကျင်းပပြုလုပ်ပေးလျက်ရှိ ကြောင်းသိရသည်။

ဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များက နိုဝင်ဘာ (၂)ရက်နေ့မှ နိုဝင်ဘာ(၈)ရက်နေ့အထိ ကျင်းပခဲ့သော (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲအသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များကို အသီးသီးလက်ဝယ်အရောက်ပေး အပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ၂၀၂၃ခုနှစ် မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ  (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး က အ.ထ.က(၂) အလုံကျောင်းအား ပထမဆုတံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုဆုငွေ ငွေကျပ်သုံးသိန်းကိုလည်းကောင်း၊ အ.ထ.က(၂)မုံရွာကျောင်းအား ဒုတိယဆုတံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုဆုငွေ ငွေကျပ်နှစ်သိန်းကို လည်းကောင်း၊ အ.ထ.က(၅)မုံရွာကျောင်းအား တတိယဆုတံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုဆုငွေ ငွေကျပ်တစ်သိန်းကို လည်းကောင်း အသီးသီးလက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်းသိရသည်။ 

 စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင် အားကာဦးစီးဌာနသည် ခရိုင်ပညာရေးမှူးရုံးနှင့် ပူးပေါင်း၍ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့ မှ (၈)ရက် နေ့ထိ အားကစားနည်း(၆)နည်း ရွှေတံဆိပ်စုစုပေါင်း (၂၇)ခု၊ ကျောင်းပေါင်း(၈) ကျောင်းနဲ့ အားကစားသမားပေါင်း(၂၄၀)ဦးဖြင့်  ပြိုင်ပွဲများကျင်းပပေးခဲ့ပြီး အမျိုးသား/အမျိုးသမီးဘော်လုံးဖူဆယ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် အားကစားမောင်မယ်များ စိတ်ပါဝင်စားစွာ အသီးသီးပါဝင် ယှဥ်ပြိုင်ခဲ့ကြသည့်အပြင်  ပြေးခုန်ပစ်ပြိုင်ပွဲတို့၌ ကျား/မ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ မီတာ ၁၀၀×၄ လက်ဆင့်ကမ်း၊ အလျားခုန်၊ အမြင့်ခုန်၊ သံပြားဝိုင်းပစ်၊ သံလုံးပစ်၊ လှံတံပစ် တို့တွင်လည်း သက်ဆိုင်ရာ ကျောင်းကိုယ်စားပြု အားကစားသမားများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)