မြောင်းမြ နိုင်ဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သီးနှံအာမခံ လုပ်ငန်းဆောင်ရွက်ရန် တောင်သူအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ အချိန်ကပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် သီးနှံအာမခံထားရှိခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာက Pilotစီမံချက်အရ မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကိုဆွေးနွေးခြင်း၊ မြန်မာ့အာမခံလုပ်ငန်းတိုင်းဒေသကြီး တာဝန်ခံကမြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများနှင့်သီးနှံအာမခံလုပ်ငန်း အကြောင်းအားအသေးစိတ်ရှင်းလင်းဆွေးနွေးပြီး ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် တိုင်းဒေသကြီး၊ခရိုင်နှင့်မြို့နယ်မန်နေဂျာများ၊ မြန်မာ့အာမခံလုပ်ငန်းတိုင်းဒေသကြီး နှင့်ခရိုင်တာဝန်ခံများ၊ မြောင်းမြခရိုင်နှင့်ဝါးခယ်မ၊ အိမ်မဲမြို့နယ်၊ လပွတ္တာခရိုင်နှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့ရှိ နိုင်ငံစီးပွားမြှင့်တင်ရေးကော်မတီ ခရိုင်နှင့်မြို့နယ်အဆင့် ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝေဝေ(မြောင်းမြ)