စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါရပ်ကွက်ရှိ ရွှေကြာရုံဓမ္မာရုံတွင် ကျင်းပရာအခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မီးဘေးသင့်အိမ်ထောင်စုပြည်သူများအတွက် နေထိုင်ရေး၊ စားဝတ်ရေး၊ ကျန်းမာရေးနှင့်ပြန် လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေများ၊ ဆန်ရိက္ခာဖိုးငွေများ၊ စားသောက်ဖွယ်ရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုသုံးပစ္စည်းများ၊ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး မီးဘေးသင့်အိမ်ထောင်စုများက ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍လိုအပ်သည်များအား အသီးသီးဆွေး နွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မုံရွာမြို့၊ ထန်းထောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထာင်စု ၃၂ စု၊ လူဦးရေ ၁၆၁ ဦး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်အိမ်ထောင် ၃ သိန်းကျပ်နှုန်းဖြင့် ငွေကျပ် ၉၆၀၀၀၀၀ (ကိုးဆယ်ခြောက်သိန်း)ကျပ်နှင့် ၂ ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ စုစုပေါင်းတန်ဖိုးငွေ ကျပ်- ၄,၃၂၈,၅၆၀ နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေကျပ်- ၃၆၃၈၁၀၀ (သုံးဆယ်ခြောက် သိန်းသုံးသောင်းရှစ်ထောင်တစ်ရာ)ကျပ်နှင့် ပစ္စည်း ၁၆ မျိုးပါ Family Kits - ၃၂ ပုံး၊ ကြက်ခြေနီ အသင်းမှ - Family Kits ၃၂ ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)