တောင်တွင်းကြီး နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသားလူငယ်များအနေဖြင့် မြန်မာ့ရိုးရာစကားပုံများကို လေ့လာ သိရှိနိုင်စေရန်၊ မြန်မာစာစာလုံးပေါင်းသတ်ပုံ၏ အရေးပါပုံကို သိရှိစေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပရာ မြို့မ အခြေခံပညာအလယ်တန်းကျောင်း၊ Grade-5မှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြို့နယ်အတွင်း အထင်ကရ မှတ်တမ်းဓာတ်ပုံများနှင့် ပြတိုက်ငယ် (Mini Museum)ကို စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)