စလင်း နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို အထကတပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ အထကတပ်တွင်း အခြေခံပညာအထက်တန်းကျောင်းရှိ ဆုနင်းသဘင်ခန်းမဆောင်၌ ယနေ့နံနက်(၉)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စလင်းမြို့နယ် ရဲအုပ်ချစ်မင်းက မူးယစ်ဆေးဝါးအန္တရာယ် ၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ ပြစ်မှုပြစ်ဒဏ်များမှ ဥပဒေအကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်က မူးယစ်ဆေးဝါးနှင့် ဥပဒေဆိုင်ရာများအား လူငယ်များသိသင့်သိထိုက်သည့် ဥပဒေများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်ကြီးဇင်မင်းထိုက်မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးစောလွင်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေးဟောပြောခြင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လူငယ်နှင့်အားကစားဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့ကာ အထကတပ်တွင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်အိအိချောက လက်ခံရယူခဲ့သည်။ ဆက်လက်၍ အထကတပ်တွင်း အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာ ဦးတင်ရွှေက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ယဥ်ကျေးလိမ္မာနှင့် ပြည်သူ့နီတိဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် ဌာနဆိုင်ရာများ၊ အထကတပ်တွင်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိချော၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၅၁)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ကြစေရန် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်ပိုစတာပြပွဲကို စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
(မောင်လွင်)စလင်း