အထက်မင်းလှ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (အပိုဆောင်း) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါစေခြင်းစသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပိုဆောင်းကို နိုဝင်ဘာ(၈)ရက်နေ့က စတင် ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ(၉)ရက်နေ့အထိ အပိုဆောင်း ကာကွယ်ဆေးထိုးနှံပြီးသူ (၁၂၈၆)ဦးရှိပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးတို့က ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)