ကရသူရိ နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် ကွမ်းသီးဈေး ကျဆင်းနေ၍ ခြံပိုင်ရှင်များ စီပွားရေး အကျပ်အတည်း ရင်ဆိုင်နေရကြောင်း သိရသည်။
“နှစ်ရှည်သီးနှံများထဲက အဓိက စိုက်ပျိုးအများဆုံးမှာ ကွမ်းသီးနှင့် ရာဘာဖြစ်ပြီးတော့ ယခုနှစ်မှာ ကွမ်းသီးက ဈေးမကောင်းဖြစ်နေတဲ့အတွက် ခြံပိုင်ရှင်တွေ စီးပွားရေး ကျပ်တည်းနေကြတယ်။ ကွမ်းသီးရာသီပေါ်ရောက်နေပြီး ကွမ်းသီးများ လှိုင်လှိုင်ထွက်နေသော်လည်း ဝယ်ယူမှုနည်းပါးခြင်း၊ ဈေးကောင်းမရခြင်းတို့ကြောင့် ခြံလုပ်ကိုင်လာသူ နည်းပါးလာတယ်။ လက်ရှိကွမ်းသီးတစ်လုံးကို (၉) ကျပ်ဝန်းကျင်သာ ရရှိပြီး ယခင်နှစ်တွေကဆို ရာသီအစမှာ (၄၀) ကျပ်ခန့်အထိ ရရှိ၍ များစွာ ဈေးကျဆင်းနေသဖြင့် ခြံပိုင်ရှင်များ စီးပွားရေးကျပ်တည်းနေကြတယ်” ဟု ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောသည်။
အောက်တိုဘာလမှစ၍ ရာသီပေါ် ကွမ်းသီးအမှည့်များကို စတင်ခူးနေရပြီ ဖြစ်သော်လည်း ဈေးကောင်းမရသည့်အပြင် ဝယ်ယူသူလည်း နည်းပါးနေကြောင်း၊ ထို့အပြင် ကွမ်းသီးဈေး ကျဆင်းနေသော်လည်း ရာဘာဈေးနှုန်းမှာ ပုံမှန်အတိုင်း ဈေးကောင်းရရှိနေပြီး အဝယ်ဒိုင် များပြားလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)