ရေဖြူ နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းကို၌ ယနေ့နံနက် ၉ နာရီက ရေဖြူမြို့ ၊ (ခ)ရပ်ကွက် ဓမ္မမာမကကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး ဓမ္မာမကကျောင်းဆရာတော်ဦးသောဘနထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များထံမှ ပရိတ်တရားတော်နာယူပြီး သင်္ကန်းနှင့် ပဒေသာပင်များဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် လှူဒါန်းမှုအစုစုကို ရေစက်ချအမျှအတမ်းပေးဝေကာ သံဃာတော်များအား ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်မိရပ်ဖများတက်ရောက်ကြကြောင်း သိရသည်။
ခတ္တာ