အောင်လံ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက မြိုနယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ဆီကုန်သည်များအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံ စားသောက်ကုန်များ ကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည် (၂၅၀၀)နှုန်း၊ စားသုံးဆီတစ်ပိဿာ (၅၀၀၀) နှုန်း၊ ကြက်ဥဆယ်လုံး (၂၃၀၀) နှုန်း၊ ကြက်သားတစ်ပိဿာ (၁၀၀၀၀) နှုန်း၊ ဆိတ်သားတစ်ပိဿာ (၁၆၀၀၀) နှုန်းစသည့် အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)