ပန်းတောင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရန်ဧက (၄၀၀) သတ်မှတ်ထားပြီး ကျေးရွာ (၁၁) ရွာအသင်းသား (၁၈၅)ဦးဖြင့် ရာနှုန်းပြည့်စိုက်ပျိုးထားရှိရာ ယမန်နေ့နံနက်ပိုင်းက ဆင်လူးကျေးရွာတွင် သမဝါယမအသင်းမှ စပါးပျိုးထားရှိမှုနှင့် ရိတ်သိမ်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်လူးကျေးရွာတွင် စိုက်ထွေသမဝါယမအသင်းသား (၁၀)ဦးမှ မှော်ဘီစပါးမျိုး (၁၀)ဧကအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုပုလဲဓာတ်မြေသြဇာနှင့် (၁၅)ပတ်လည် ကွန်ပေါင်းတို့ကို ထည့်သွင်းအသုံးပြုခဲ့ရာ ယခင်နှစ်စပါး(၁)ဧကလျှင် (၄၅)တင်းထွက်ပြီး ယခုနှစ်တွင် (၁)ဧကလျှင်တင်း (၇၀)ထွက်ရှိကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)