မင်းဘူး နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက စကုမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး၊ အ.ထ.က (စကု) မှ ကျောင်းသား၊ ကျောင်းသူလေးများက “လူငယ်နှင့်စာရိတ္တ”၊ “လူငယ်နှင့်စာဖတ်ခြင်း”၊ “လူငယ်နှင့်နည်းပညာ”၊ “လူငယ်နှင့်ပညာရေး”၊ “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြသည်။
ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို တက်ရောက်လာကြသူမျာက ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)