သရက်မြို့၌ ဟိုတယ် ၊တည်းခိုးခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်များအား အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေး

သရက် နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဟိုတယ် ၊တည်းခိုးခန်း၊ စားသောက်ဆိုင်၊ရွှေဆိုင်နှင့် ဖုန်းဆိုင်များအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်(၂)နာရီက အဆိုပါဆိုင်များသို့ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခွန်ဦစီး ဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မရဲစခန်းမှူးတို့က ဆိုင်များမှ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)