ငွေဆောင်မြို့တွင် ဟိုတယ်၊ တည်းခိုခန်းဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံပေး

ငွေဆောင် နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဟိုတယ်ဇုန် တာဝန်ရှိပုဂ္ဂိုလ်များ ပူးပေါင်း၍ Ambo Hotel နှင့် Yacht Club Hotel တို့တွင် အသက် (၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster အဖြစ် ဟိုတယ်နှင့်တည်းခိုခန်း ဝန်ထမ်းများအား စတင်ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster ထိုးနှံခြင်းအား Ambo Hotel နှင့် Yacht Club Hotel တို့တွင် ၂နေရာ ခွဲ၍ ထိုးနှံပေးနေပြီး ဒေါ်ခင်မိမိလှိုင် ဘက်စုံသားဖွားဆရာမ (Midwife) ငွေဆောင် (S/C) ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း (၅)ဦးမှ Ambo Hotel တွင်လည်းကောင်း၊ ရှောက်ချောင်းကျေးရွာမှ ကျန်းမာရေးဝန်ထမ်းများမှ Yacht Club Hotel တွင်လည်းကောင်း ထိုးနှံပေးလျက်ရှိသည်။ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ငွေဆောင်ဟိုတယ်ဇုန် တာဝန်ရှိသူများမှ ဆေးထိုးရာတွင် ကြီးကြပ်၍ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ငွေဆောင်မြို့တွင် ပွင့်လင်းရာသီ၌ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလာပြီဖြစ်၍ ဟိုတယ်များတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် ဧည့်သည်များနှင့် အနီးကပ် ဆက်ဆံရသော ဟိုတယ်ဝန်ထမ်းများအား ဦးစားပေး၍ ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံပေးရခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ထိုးနှံရာတွင် ယနေ့၌ ဟိုတယ်နှင့် တည်းခိုခန်း (၁၇) လုံးရှိ ဝန်ထမ်းများအား ထိုးနှံပေးခဲ့ပြီး နိုဝင်ဘာလ (၉)ရက်နေ့တွင် ကျန်ရှိနေသော ဟိုတယ်၊ တည်းခိုခန်းများရှိ ဝန်ထမ်းများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်