ကျောက်တံခါးမြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဂုဏ်ပြုပွဲကျင်းပ

ကျောက်တံခါး နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃ခုနှစ်အတွင်း မည်သည့်ခွင့်ခံစားမှုမှမရှိသော ဝန်ထမ်းများ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ဆုများချီးမြှင့်ပေးပြီး၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို အမှတ်တရအသုံးအဆောင်ပစ္စည်းများ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)