တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ

တောင်ငူ နိုဝင်ဘာ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ပြည်သူများစာပေကို လက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝစရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များအား ပြည်သူများလက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွား‌ရောက်ငှားရမ်း‌ဆောင်ရွက်‌ပေးခဲ့‌​ကြောင်း သိရသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား  သုတ၊ ရသစာအုပ်များကို  တစ်ကြိမ်လျှင် နှစ်ပတ်ကြာအထိ ငှားရမ်းပေးပြီး၊ အသင်းဝင်ရောက်လိုသူများကိုလည်း အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ပေါ်ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ နေ့စဥ်အလှည့်ကျစနစ်ဖြင့် စာအုပ်စာ‌စောင်များလှည့်လည် ငှားရမ်း‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)