ပန်ဆောင် နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ကျေးလက် ဆေးပေးခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ) ဆုံဆို့ကြက်ညာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်ဂျိုက်သိုး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပိုလီယိုရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံ ပေးနေကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)