ဒိုက်ဦး နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ယမန်နေ့က (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အတွင်းမှဆရာတော်ကြီးများပင့်ဖိတ်၍ သီလပေးတရားနာယူ၍ပရိတ်တော်များရွတ်ဖတ်ပူဇော်ကြကာ ဆွမ်းဆပ်ကပ်ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၃ ခုနှစ်အတွင်း မည်သည့်ခွင့်ခံစားမှုမှမရှိသော ဝန်ထမ်းများ၊ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့်ဝန်ထမ်းများအား ဆုများချီးမြှင့်ပေးပြီး မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို အမှတ်တရ အသုံးအဆောင်ပစ္စည်းများအား မဲဖောက်ပေးခဲ့ပြီးအကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)