ပိုင်ကျုံမြို့ အထူးရဲသင်တန်းရှိ သင်တန်းသားများ ပြည်သူ့အကျိုး ပြုလုပ်ငန်းများဆောင်ရွက်

ပိုင်ကျုံ  အောက်တိုဘာ  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလတွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးတွင် မဲရုံများ၌ တာ၀န်ထမ်းဆောင်ရမည့် အထူးရဲ များအား မီးလောင်မှုဖြစ်ပွားသောအခါ ဆောင်ရွက်ရမည့်အချက်များ ဇာတ်တိုက်လေ့ကျင့်ခြင်း များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့၊ ပိုင်ကျုံနယ်မြေ ရဲစခန်းမှ ဒုတိယရဲမှူးဘတိုး ဦးဆောင်၍ အထူးရဲများအနေဖြင့် မီးလောင်မှုဖြစ်ပွားသည့်အခါ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရန်အတွက် ပိုင်ကျုံမြို့ မီးသတ်တပ်ဖွဲ့၀င်များနှင့် ပူးပေါင်း၍ သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ထို့နောက် အထူးရဲများ ပရဟိတစိတ်ပိုမိုမြင့်မားစေရေးအတွက် ပိုင်ကျုံမြို့ အနှိုင်းမဲ့ ဆုပန်ပြည့် ရွှေတိဂုံပုံတူဘုရားနှင့် ဓမ္မာရုံအတွင်းအပြင်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)