မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ Positive လူနာများ ကျန်းမာရေး ကောင်းမွန်သည့်အတွက် ဆေးရုံမှ ဆင်းခွင့်ရသူ ၁၅ ဦး ရှိပြီ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၂

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိလူနာ ယနေ့အချိန်ထိ (၅၅)ဦးရှိပြီဖြစ်ရာ မြို့နယ်ကုတင် ၁ဝဝ ဆေးရုံကြီးတွင် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းနှင့် ဝန်ထမ်းများမှ ဂရုစိုက်ကြပ်မတ်ကုသခြင်း ဆောင်ရွက် ပေးလျက်ရှိသည်။

ယမန့်နေညနေက အမျိုးသမီးတစ်ဦးနှင့် ယနေ့ မွန်းတည့် ၁၂ နာရီအချိန် အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း () ဦးတို့သည် မြို့နယ်ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည့် positive လူနာများထဲမှ ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့် ရရှိကာ လူနာများသည် လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆေးရုံဆင်းလူနာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များမှ သွားရောက်ကြိုဆို အားပေးကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းက ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ Stay at home နေရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားသည်။

ထိုနောက်ဆေးရုံဆင်း လူနာများအား မြို့နယ်ကြက်ခြေနီအသင်းမှ အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်သည်။

မြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းထိ ပိုးတွေ့လူနာ (၄ဝ)ဦးသာကျန်ရှိပြီး ဆေးရုံဆင်းလူနာ စုစုပေါင်း(၁၅)ဦးရှိပြီဖြစ်ပြီး ကျန်လူနာများအား လိုအပ်သည့်  ကျန်းမာရေး စောင့်ရှောက်မှုများဖြင့် ကုသပေးပြီး အားလုံးကျန်းမာရေး ကောင်းမွန်ကြကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)