ဘုတ်ပြင်းမြို့၌ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင်း ဘောလုံးကွင်း ပွဲကြည့်စင်အမိုး ပြိုကျပျက်စီး

ဘုတ်ပြင်း နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ယမန်နေ့ညနေအချိန်က ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် ရွှေဘုံသာရပ်ကွက်  ဘောလုံးကွင်းအတွင်းရှိ ပွဲကြည့်စင်အမိုးတစ်ခုလုံး ပြိုကျခဲ့ကြောင်း သိသည်။

အဆိုပါလေပြင်းတိုက်ခတ်  ပြိုကျမှုအား ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေး၏ ကြီးကြပ်မှုဖြင့် မိးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ရှင်းလင်းဖယ်ရှားပေးခဲ့ကြသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဘောလုံးကွင်းပွဲကြည့်စင် (၆၀×၃၀)ပေ အမိုးပြိုကျခြင်းနှင့် လျှပ်စစ်ဓာတ်တိုင် (၆)တိုင် ထိခိုက်ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးကျပ်(၇၁)သိန်းခန့်ရှိကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီး/သေဆုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)