ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့၌ ပြုလုပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ဟားခါး နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ပြန်ကြည့်ရာတွင် ခေတ်အဆက်ဆက် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကို ဟန်ချက်ညီညီလည်ပတ်အောင် ဆောင်ရွက်ခဲ့သည့် ဦးစီးဌာနဖြစ်သည်ကို တွေ့ရှိရသည့် အပြင် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားအဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို မဏ္ဍိုင်ထား၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်နှင့် ကျေးရွာအထိ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးစသည့် ကဏ္ဍအားလုံးတွင်လည်း ပြည်သူလူထုအတွက် ဆောင်ရွက် ရမည်ဖြစ်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်နှင့် မိမိတို့ဝန်ကြီး ဌာန၊ ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်းနှင့် ဝန်ထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သည့် ဝန်ထမ်း ကောင်းများ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးအပ်ပါ ကြောင်းဖြင့် ဂုဏ်ပြုနုတ်ဆက်စကား ပြောကြားသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ထောက်ပံ့ငွေ ကျပ် ၉၉၉၀၀၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက လက်ခံရယူပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ပြသ၍ ပထမပိုင်းအစီအစဉ် ရုပ်သိမ်းသည်။ ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပရာ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက နှစ်ပတ်လည်မိန့်ခွန်း ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအား ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ချိုနှင့် ညွှန်ကြားရေးမှူး ဦးထွန်းသိန်းတို့က ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဝန်ထမ်း (၂) ဦးက လက်ခံရယူ ကြပြီး ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါကံစမ်းမဲနှိုက်ခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)