အောင်လံ နိုဝင်ဘာ ၈
အောင်လံခရိုင်၊ အောင်လံမြို့နယ် Smart Village စီမံကိန်းကျေးရွာဖြစ်သော မိုးကောင်းကျေးရွာတွင် မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ ညနေ (၃) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ စစ်ဆေးမှုများ လက်တွေ့ကျသော မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မီးသတ်ယာဉ်အလွယ်တကူ ဝင်ထွက်နိုင်ရေး၊ ရေလုံလောက်စွာရရှိရေး၊ မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပစ္စည်းကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်ဆောင်ရွက် နိုင်ရေးများကို စစ်ဆေးခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်းမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လင်းလက်(ပြန်/ဆက်)