ဘိုကလေး နိုဝင်ဘာ ၈
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အနိုင်မခံအရှုံးမပေး ဇွဲလုံ့လရှိစေရေး၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရေး ရည်ရွယ်လျက်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီနှင့် Bogalay Badminton Club & Pioneer Badminton Club တို့ပူးပေါင်းကျင်းပသော ဖိတ်ခေါ်ကြက်တောင် ရိုက်ပြိုင်ပွဲကိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမတွင် နိုဝင်ဘာလ(၄)ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့တွင် ပြိုင်ပွဲ၏ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ညနေ(၄) နာရီအချိန် တွင် ဆုပေးပွဲ အခမ်းအနားကို အဆိုပါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များတက်ရောက်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအား ပေးခဲ့ကြကာ ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုပေးပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပထမဆု(၁)သိန်းကျပ်၊ ဒုတိယဆု (၆)သောင်းကျပ်၊ တတိယ ဆု (၄)သောင်းကျပ်နှင့် ဆုတံဆိပ်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြသည်။
အဆိုပါပြိုင်ပွဲကို ဘိုကလေးမြို့နယ်အပါအဝင်မြို့နယ်(၁၀)မြို့နယ်မှ ကြက်တောင်ကလပ် အသင်း(၁၀)သင်းဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ကစားသမားစုစုပေါင်း (၆၀)ဦးပါဝင် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)