ခိုင်ကမ်း နိုဝင်ဘာ ၈
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ခိုင်ကမ်းမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးထန်ဂင့်ဆုမ်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဌာနခွဲ စာရေး ဦးခွါလ်ငိုက်လျန်းမှ အထွေထွေဦးစီးဌာန၏ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။ ဆက်လက်၍ အခမ်းအနားတွင် မြို့အုပ်ချုပ် ရေးမှူးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစား ဝန်ထမ်းနှစ်ဦးအားဂါရဝပြု လက်ဆေါင်ပစ္စည်းများ ပေးအပ်ခြင်း၊ စံပြ ဝန်ထမ်း ဆုရရှိသည့် အငယ်တန်းစာရေး ဒေါ်ဒိမ်ငိုက်ကိမ်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခြင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲမြင့်အောင်