မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး အလုံတပ်မြို့ ကန်ဦးဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ထောက်ပံ့ပေးအပ်

မုံရွာ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်(၁၁) နာရီခွဲက မုံရွာမြို့နယ် အလုံတပ်မြို့ ကန်ဦးဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အဆိုပါ ကန်ဦးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးအား စစ်ဘေးရှောင်များလက်ဝယ်သို့ တာဝန်ရှိသူများနှင့်အတူ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)