မင်းကင်းမြို့နယ်၊ ကျွန်းတော်(မြောက်)ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မင်းကင်း နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို မင်းကင်းမြို့နယ်၊ ကျွန်းတော်‌ (မြောက်)ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ စာသင်ခန်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျိန်ငိုက်မန်က "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဂျူလိုင်နေဝင်းက  "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း အသီးသီးဟောပြောခဲ့ကြပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းအောင်က ကျေးရွာနှင့် စာသင်ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အသိပညာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)