ငပုတောမြို့နယ်၌(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားကျင်းပ

ငပုတော  နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် နိုဝင်ဘာလ(၇) ရက်နေ့တွင် ကျရောက်သည့်(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး အငြိမ်းစားဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ဝန်ထမ်းများအား နှစ်ပတ်လည် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးခြင်းနှင့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအားဆုများချီးမြှင့်ခြင်း အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများကို ညီညီညွှတ်ညွှတ်ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခဲ့ကြပြီးနှစ်ပတ် လည်နေ့ကိုပျော်ရွင်စွာ ဆင်နွှဲလျက်ရှိကြောင်းသိရသည်။

အောင်သူ (ပြန်/ဆက်)