ဝါးခယ်မ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၂/၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးပွဲတွင် သမဝါယမအသင်းပေါင်း ၂၇၀ ရှိသည့်အနက် ၁၈၅ သင်းတက်ရောက်ခဲ့ရာ မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်အေးအေးသက်မှ အဖွင့်အမှာစကားပြောကြားပြီး သမဝါယမအသင်းစု ဥက္ကဋ္ဌမှ သမဝါယမလုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင် ခံစာများကို အသင်းအမှုဆောင်များကဖတ်ကြားတင်ပြရာ အတည်ပြုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်သမဝါယမအသင်းမှ အမှုဆောင်များ အသင်းဝင်အခြေခံ အသင်းများမှ အမှုဆောင်များစုံစုံညီညီတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)