မော်လမြိုင်ကျွန်း နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို နိုဝင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီအချိန်က ပျားမွတ်လျှော်ချောင်း အခြေခံပညာအထက်တန်းးကျောင်း စကားဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးချစ်စိုးက အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ Grade-12 ကျောင်းသား မောင်သန့်ရှင်းက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ ကျောင်းသား မောင်ဆန်းမျိုးအောင်က လူငယ်နှင့်မူးယစ်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ ကျောင်းသား မောင်ခန့်ဇော်ကလူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 11မှ ကျောင်းသူမမြတ်ဖူးေအာင်ကလူငယ်နှင့် ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade 10မှကျာင်းသူမရှင်းရှင်းအောင် ကလူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်း
ကောင်း အသီးသီး ဆွေးနွေးကြရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပပေးမှူအပေါ် အထက်တန်းပြ ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါလူငယ်စကားဝိုင်းသို့ ပျားမွတ်လျှော်ချောင်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း အင်အား(၅၀၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)