ညောင်တုန်း နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက ဦးစီးဌာနသမိုင်းကြောင်း နှင့် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အတွင် ၂၀၂၃ခုနှစ်အတွင်း မြိုနယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ပေးအပ်သည့်တာဝန်များကို တက်ကြွစွာဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် ပျော်ပွဲရွှင်ပွဲအဖြစ် အားကစားပြိုင်ပွဲများပြုလုပ်ခဲ့ရာ ဝန်ထမ်းများကပျော်ရွှင်စွာယှဉ်ပြိုင်ကစားခဲ့ကြပြီး အစည်းအဝေးခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်း(၄၂)ဦးအား တာဝန်ထမ်း ဆောင်ဆဲဝန်ထမ်းများက ဂုဏ်ပြုကန်တော့ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းခြင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအား ကံစမ်းမဲပစ္စည်းများဖောက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)