ပန်းတနော် နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းကပ်လှူခြင်းနှင့် အနုမောဓနာတရား နာယူ၍ ရေစက်ချအမျှဝေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား မိန့်ခွန်းပြောကြားခြင်း၊ အငြိမ်းစား ဝန်ထမ်းဟောင်းများအား ကန်တော့ချိုးဖြင့် ကန့်တော့ခြင်းနှင့် (၃၅)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (Trust Suit) အင်္ကျီများ လက်ဆောင် ပေးအပ်ခဲ့ကာ အငြိမ်းစားဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများအား စာသောက်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ထို့နောက် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)