သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၃၅)နှစ်​​မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲကျင်းပ ပြုလုပ်

သဲကုန်း နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင်  (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်း၊ ဘောဇဉ်နှင့်လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းပြီး အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုပူဇော်ကန်တော့ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာနံနက် ၇ နာရီအချိန်တွင်   မိုးကုတ်ရိပ်သာကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်ငါးပါးတို့အား အရုဏ်ဆွမ်း၊ ဘောဇဉ်နှင့် လှူဘွယ်ဝတ္ထုများဆပ်ကပ်ပြီး ရေစက်သွန်းချ တရားတော်နာယူကြသည်။

ထို့နောက် အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုကန်တော့ကြပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ရာ အငြိမ်းစားဝန်ထမ်းများက ဆုံးမသြဝါဒစကားများ၊  ကျေးဇူးတင်စကားများ  မြို့နယ်အထွေထွေပြန်လည်ပြောကြားသည်။ ဆက်လက်၍ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့် ဝန်ထမ်းများသည်​ ကန်သာယာရေလည်ကျွန်းစေတီတော် ငါးစာကျွေးကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)