မင်းလှ နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ် မြောက်အထိမ်းအမှတ်နှစ်ပတ်လည်နေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံဃာတော် (၅)ပါးပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချအမျှတန်းပေးဝေခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး၊ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပတ်သက်၍ သွားရောက်ကူညီလုပ်ကိုင်ခဲ့သည့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မင်းလှလှုမှုကယ်ဆယ်ရေးအသင်း၊ ကုသိုလ်ဖြစ်စေတနာရှင်အသင်း၊ စစ်ကွင်း Volunteer Team အဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပျော်ပွဲရွင်ပွဲ Game ကစားခဲ့ကြရာ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနားတတ်ရောက်သော ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးနှင့် စာရေးဝန်ထမ်းတို့အား အုန်းနို့ခေါက်ဆွဲကျွေးမွေးခဲ့ကြောင်း သိရသည်။
ပေါက်စ