ကျိုက်လတ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြည်သူ့ဆေးရုံရှိ ကလေးမီးဖွားပြီးစ မိခင်များအား ထောက်ပံ့ငွေများ ပေးအပ်

ကျိုက်လတ် နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ ကလေးမီးဖွားပြီးစ မိခင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင်  ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဌေးမောင်နှင့် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်တို့က ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ စုပေါင်း၍ ကျိုက်လတ်မြို့နယ်၊ ပြည်သူ့ဆေးရုံရှိ ကလေးမီးဖွားပြီးစ မိခင်(၁၁)ဦးတို့အတွက် ကြက်ဥ (၁၀)လုံး၊ Royal-D (၅)ဗူးနှင့် အလှူငွေ (၅၀၀၀)ကျပ်စီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်