မြဝတီ နိုဝင်ဘာ ၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ဦးစွာအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာအောင်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်များသည် နိုင်ငံတော်၏ အဓိကစွမ်းအားစုဖြစ်၍ အသိပညာ၊ အတတ်ပညာပြည့်ဝနေစေရန်နှင့် အတွေးအခေါ်မှန်ကန်စွာဖြင့် လူအများရှေ့၌ ရဲဝံ့စွာပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးပြီး Grade-11 မှ မမြတ်နိုးသူက လူငယ်နှင့်ရည်မှန်းချက်၊ Grade-11မှ မသဲပိုပိုလှိုင်က လူငယ်နှင့်ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်၊ Grade-11မှ မောင်အောင်ပြည့်စုံက လူငယ်နှင့်နည်းပညာခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီးနောက် တာဝန်ရှိသူများကအမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်(ပြန်/ဆက်)