သာယာဝတီ နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆရာတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တူညီဝတ်စုံထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၆နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါနှစ်ပတ်လည်နေ့တွင် ဆရာတော်ကြီးများအား နံနက်အာဂုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃနာယကဆရာတော်ထံမှ အနုမောဒနာတရားနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၉ နာရီ၌ (၃၅) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်ဟိုက အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်သမိုင်းကြောင်း ဗွီဒီယိုဖွင့်လှစ်ပြသပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာထွေ/အုပ်ဝန်ထမ်းများနှင့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများအား တူညီဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)