မိုးညို နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ညောင်ဝိုင်းကျေးရွာအုပ်စုရှိ နဒီဧရာဆိပ်ကမ်းသာ မြစ်မခမြစ်အတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါငါးလွှတ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးဦးအောင်ဇင်ဦးနှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများစုပေါင်း၍ ငါးမြစ်ချင်းကောင်ရေ(၂၀၀၀)ကို နဒီဧရာဆိပ်ကမ်းသာမြစ်မခမြစ်အတွင်း ဇီဝိတဒါနငါးလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)